ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါက်ခေါင်း      ဒီဇင်ဘာ     ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်လုပ်ငန်းကော်မတီများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးကြပါရန်မှာကြားသည်။

ယင်းနောက်တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းနိုင်ရေး၊ အားကစားနည်းများကို တိုးချဲ့အသုံးပြုနိုင်ရေး၊ ဖိတ်ခေါ်ဘောလီဘောနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲများကျင်းပနိုင်ရေး၊ ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအဖြစ် ခေါင်းအုံးရိုက်၊ လွန်ဆွဲပွဲ၊ အိတ်စွပ်ပြိုင်ပွဲများကျင်းပနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)