ဇီးကုန်း ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများအား ဗဟုသုတနှင့် အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအမှတ်(၁) အလက(ခွဲ) ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်း အမှတ်(၁) အလက(ခွဲ)ကျောင်းသို့ မိုလ်ဘိုင်း သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ ကျောင်းသား ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ လွတ်လပ်ရေးနေ့အကြောင်းများကို အသိပညာပေး ပြောကြားခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် စာအုပ်စာစောင်များဖတ်ပြခြင်းများ၊ ဉာဏ်စမ်းပဟေဠိ ဆော့ကစားခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို စာအုပ်များဖတ်ရှုလေ့လာစေခဲ့ပါသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများသည် ပြသထားသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်တို့အား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်းနှင့် စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)