မြဝတီမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ပြည်သူမျာ နှင့်တွေ့ဆုံ

မြဝတီ ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရေပူကျေးရွာရှိ စိတ္တသုခကျောင်းတိုက်တွင်ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များ၊ မြဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ် ငန်းဆိုင်ရာများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံ့ခြင်းဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးက နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာများအား ရှင်းလင်းဆွေး နွေးပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းတံတား၊မြေယာဆိုင်ရာကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေမှု အခြေအနေများ၊ လျှပ်စစ်မီးရှိရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းပြောကြားသည်။

အလားတူ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ပြည်သူများ အသိ ပညာဗဟုသုတ တိုးပွားစေရေးနှင့် မှန်ကန်သည့် သတင်းအချက်အလက်များ မှန်မှန်ကန်ကန်သိရှိစေရေး ဆိုင်ရာများအား အသိပညာပေးဟောပြောသည်။

ဆက်လက်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မိဘပြည်သူများက သိရှိလိုသည်များ၊ အခက်အခဲများအား တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြီး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)