အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီး၌ (နတ်တော်လပြည့်နေ့)တွင် ဝါပကာလ ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

အင်္ဂပူ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ သမိုင်းဝင် ရွှေဆံတော်စေတီမြတ်ကြီးတွင် (နတ်တော်လပြည့်နေ့) နံနက်ပိုင်းက ဝါပကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် ပြည်သူများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း၂၄‌ ကျောင်းမှ သံဃာတော် အရှင်သူမြတ်များနှင့် သာမဏေများ၊ သီလရှင်ကျောင်း ၆‌ကျောင်းမှ သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့‌သည်။

အင်္ဂပူမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာ‌လေးများအား ဝါပကာလ၌ ဆွမ်းဆန် အဆင်ပြေ စေရေးအတွက် (လပြည့်နေ့တိုင်း) ဆွမ်းဆန်တော်များ လောင်းလှူ‌ပေးလျက် ရှိကြောင်း ရွှေဆံတော်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)