၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်​ဆံရေး ဦးစီးဌာနနှင့်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် အားကစားသမား ၈ ဦး ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ထို့ပြင် အခြားအလွတ်တန်း အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလီဘောနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငွေဆွေတာယာ ထံမှသိရသည်။

ဘောလီဘောပြိုင်ပွဲကို အမှတ် (၅) ရပ်ကွက်ရှိ ဘောလီဘောအားကစားကွင်း၌ အသင်း ၆ သင်း ဖြင့်လည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ခရိုင်စုပေါင်းရုံး၌ ကစားသမား ၁၀ ဦးတို့က ဝင်ရောက်ယှဥ်ပြိုင် မည်ဖြစ်ကြောင်းနှင့် ဆုရရှိသူများကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)