စစ်ကိုင်း ဒီဇင်ဘာ ၇
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာပြင်ပ အသိပညာဗဟုသုတများ ရရှိစေရန် စာပေလေ့လာ ဖတ်ရှူ့ကြစေလိုကြောင်း မိမိတို့ ဌာနနေဖြင့် စာအုပ်/ စာစောင်များကို အခမဲ့ငှားရမ်းပေးသွားမှာဖြစ်ပြီး လာရောက်ငှာရမ်း ဖတ်ရှူ့ကြ စေလိုကြောင်း စသည်ဖြင့် ဆွေးနွေးကာ ကျောင်းသား/ ကျောင်းသူများအား စာအုပ်များ ပေးဖတ်၍ မိမိတို့ဖတ်ရှူ့ခဲ့ကြသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးစေရာ ကျောင်းသား/ ကျောင်းသူ များက ပြန်လည်ဆွေးနွေး ပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်း သား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် အသိပညာပေးဆွေးနွေးခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး စကားဝိုင်းများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ဇော်မြင့်နိုင် စစ်ကိုင်းခရိုင်( ပြန်/ဆက်)