ပုလောမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ပုလော   ဒီဇင်ဘာလ   

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၌ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရှပ်ပုံ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

စကားဝိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ရှပ်ပုံ) ကျောင်းအုပ်ဆရာကြီး ဒေါ်အေမီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကျောင်းသားလူငယ်များအနေဖြင့် အသိပညာတွေ တိုးတက် စေရန် ပရိသတ်ရှေ့မှာ ပြောရဲဆိုရဲတဲ့ သတ္တိရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာဖလှယ် တတ်စေရန် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်  ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ဦးဆောင်၍ Grade -7 မှ မောင်ကောင်းပြည့်အောင်Grade -8 မှ မြတ်ပွင့်ဖြူတို့က လူငယ်နှင့် ပညာရေး Grade -11 မှ ကျောင်းသား မောင်တိုးတက်အောင်နှင့် ဆုထက်ကျော်တို့က လူငယ်နှင့် နည်းပညာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ သူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)