ကန့်ဘလူမြို့ အမှတ်( ၅) အလက ကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက် အခြေခံပညာ အလယ် တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၆ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးဝင်းငြိမ်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသိန်းက စားသုံးသူပြည်သူများ၏ အခွင့်အရေးများနှင့်တာဝန်များ၊ စီးပွးရေးလုပ်ငန်းရှင်များက ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်းတို့ကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကျောင်း သားကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် စာဖတ်ရှိန်မြှင့်တင် ရေးနှင့် ပြည်သူ့စာ ကြည့်တိုက်တွင် အသင်းဝင်ကာ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှု နိုင်ကြောင်းတို့ကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဆရာဦးစံဝင်းက သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်း များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း အသီးသီးဆွေး နွေးဟော ပြောခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဥစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များကို တက်ရောက်လာသူ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့်အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ၁၂၅ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)