ရေဖြူမြို့နယ်တွင် ကျောင်းသူကျောင်းသားများ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အ-ထ-က ရေဖြူ၌ အသိပညာပေးဟောပြောပွဲပြုလုပ်

ရေဖြူ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ-ထ-က ရေဖြူကျောင်းတွင် ကျောင်းသူ၊ကျောင်းသားလူငယ်များ လူကုန်ကူးမှုမှတားဆီးကာကွယ်ရေးအတွက် ရေဖြူမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကော်မတီက ယမန်နေ့နံနက်(၁၀)နာရီတွင် အ-ထ-ကရေဖြူကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှနောင်က လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းရင်းနှင့် ကျောင်းသားလူငယ်များအတွက်ဆောင်ရန်၊ ရှောင်ရန်ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိက လူကုန်ကူးမှုနှင့်ပတ်သက်သည် ပြစ်မှုနှင့်ပြစ်ဒဏ်ကိုလည်းကောင်း အသီးသီးဟော ပြောပေးခဲ့သည်။

ထို့နောက် ဟောပြောပွဲတွင် ကျောင်းသားလူငယ်များအား မေးခွန်းများပြန်လည်မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်က ဆုချီးမြှင့်ခဲ့သည်။  

ခတ္တာ