တောင်တွင်းကြီးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၁:၃၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မေသူမောင်မောင်က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်  လက်ရှိဆောင်ရွက်နေသော ကလေး သူငယ်မှုခင်းများ၊ (၁၈)နှစ်အောက် ကလေးသူငယ်များကို အကာအကွယ်ပေးနေသော ဥပဒေများအကြောင်း၊  ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ် ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြိုနယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက မိမိတို့ဌာနအလိုက် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများအား  ဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)