သရက် ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်အား ပြောကြားရာမှာ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည်ထက်မြတ်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး Moderator အဖြစ်ဆောင်ရွက်ကာ Grade10 ကျောင်းသား/ကျောင်းသူ(၄)ဦးက ဆွေးနွေးခဲ့ရာ Grade10 ကျောင်းသားမောင်ထက် ဝေယံဖြိုးက လူငယ်နှင့်ဘာသာရေး ခေါင်းစဉ်ဖြင့် ဆွေနွေးပြီး၊ Grade–10 ကျောင်းသူ မမိုးပြည့်နဒီက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍Grade-10 ကျောင်းသူ မထက်ထက်အောင်ကလူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ် ဖြင့်ဆွေးနွေးပြီး Grade10ကျောင်းသား မောင်နော်လွင်အောင်က လူငယ်နှင့်ယဉ်ကျေးမှု တန်ဖိုးခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသူသည် အရာရာအောင်မြင်နိုင်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်လှပစေရန်အတွက် လူငယ်လူရွယ်များအနေဖြင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေးစားမြတ်နိုး တန်းဖိုးထားတတ်စေရန် လိုအပ်ကြောင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)