မြို့သစ်မြို့နယ်တွင် ဖီးကြမ်းငှက်ပျောကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလာ

မြို့သစ် ဒီဇင်ဘာ  ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း ကျေးရွာများတွင် ဖီးကြမ်းငှက်ပျောကို မြေ အောက်ရေဖြင့် ယခင်ကတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသော်လည်း အရောင်း/အဝယ်ကောင်းပြီး အမြတ်များသည့်အတွက် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း ဒေသခံ ငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။

ငှက်ပျောပင်များ စိုက်ပျိုးသည့်အခါ ငှက်ပျောသားတက်များကို အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးသည့်နည်းဖြင့် စိုက်ပျိုးပြီး ၁၀ လကြာလျှင် ငှက်ပျောခိုင်ထွက်၍ အခိုင်ထွက်ပြီး ၃ လတွင်ခုတ်၍ ရောင်းချရကြောင်း၊ သားတက်ငယ်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင်တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၀ ဖီးအထိပါရှိ၍ အရောင်း/အဝယ်ပြုလုပ်ရာတွင်လည်း” ရောင်းသူလည်းကြိုက်၊ ဝယ်သူကြိုက်” ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

စိုက်ပျိုးရာတွင်လည်း အများဆုံးငှက်ပျောသားတက်ငယ်ကိုသာ အများဆုံးစိုက်ပျိုးခဲ့ကြသည်။ ဒါကြောင့်စိုက်ခင်းပိုင်ရှင်များက ငှက်ပျောသားတက်ငယ်ငယ်ကိုသာ အဓိကးထား၍ စိုက်ပျိုးကြသည်။     "ယခင်ကငှက်ပျောကို တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးပြီးအထူးဂရုစိုက်ရန်မလိုဘဲ ငှက်ပျောလက်များပြုပြင်ပေးရခြင်း၊ ငှက်ပျောခိုင်ခုတ်၍ ရောင်းချရခြင်းသာ ပြုလုပ်ပေးရကာ အရင်းနည်းပြီး အမြတ်များများရရှိသောကြောင့် ငှက်ပျောခြံများကို ဧကများများ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးထားတာပါ'' ဟု မြို့သစ်မြို့နယ်မှ ဖီးကြမ်းငှက်ပျောခြံပိုင်ရှင်ထံမှ သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)