တောင်တွင်းကြီး ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း၊ အပြင်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသောစျေးသည်များ စနစ်တကျ၊ စည်းကမ်းတကျ ဖွင့်လှစ်ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ယနေ့နံနက်(၈)နာရီက ပြုလုပ်ခဲ့သည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ဈေးမိဈေးဖများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက မြိုမဈေးကြီးတွင် ရောင်းချနေသည့် စျေးဆိုင်ခန်းများ ကျုးကျော်ရောင်းချမှုရှိ/မရှိ၊ မုန့်ဆိုင်များအနေဖြင့် အစားအသောက်များအား ကုန်ညွှန်းအမှတ်အသားများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်သော လတ်ဆတ်သည့်အစားအစာများ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးပြီး သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားပါသည့် အစားအသောက်များရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)