ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ဟားခါး    ဒီဇင်ဘာ     ၆

ချင်းပြည်နယ်၊ ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်( ကိုယ်စား )၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် “၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်း အနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုလသမဂ္ဂက အတည်ပြုသတ်မှတ်ပေးထားသည့် “Transformative Solutions For Inclusive Development: the role of Innovation in fueling an accessible and equitable world” အား မြန်မာဘာသာသို့ ပြန်ဆိုထားသည့်ဆောင်ပုဒ်မှာ “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့၊ အားလုံးလက်လှမ်းမိညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး” ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ပြဌာန်းထားသော မသန်စွမ်းသူများ ဥပဒေ (၂၀၁၅)ခုနှစ်နှင့် မသန်စွမ်းသူများ အခွင့်အရေးနည်းဥပဒေ (၂၀၁၇) ခုနှစ်တို့အရ နိုင်ငံသားများ ခံစားခွင့်ရှိ သည့်လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေ ရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာစသည့်နယ်ပယ် အသီးသီးတွင် အခြားသူများနှင့် တန်းတူ လူမှုအဖွဲ့အစည်းတွင် ပေါင်းစည်းပါဝင်နိုင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့်နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်၊ မသန်စွမ်းသူများ၏လူနေမှုဘဝ လုံခြုံစိတ်ချမှုရှိပြီး ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်၊ မသန်စွမ်းသူများအား နယ်ပယ်အားလုံးတွင် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရန်နှင့် ဥပဒေအရ မသန်စွမ်း သူများအား ကာကွယ်ပေးရန်နှင့် မသန်စွမ်းမှု အမျိုးအစားအလိုက် နိုင်ငံတော်က အထူးစောင့်ရှောက် ကူညီပေးရန်စသည့်အချက်များ ရရှိစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ မှတ်ပုံတင်ရေး ဆောင်ရွက်လျက် (Pilot Project) ရှိသည့် ၄ မြို့နယ်ရှိပြီး မသန်စွမ်းသူများ မဲပေးနိုင်ရေး အတားအဆီးမဲ့စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်အတွင်း မသန်စွမ်းမှု အမျိုးအစားအလိုက် အသိပညာပေးခြင်းနှငု့် အထူးလိုအပ်လျက်ရှိသော ကလေးများ အသိပညာပေးသင်တန်းကို   ဖလမ်းမြို့နယ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ထို့အပြင် (၁/၂၀၂၂) မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင်( Barrier Free Community ) ဖြစ်စေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ (Vocational Training) သင်တန်းများတွင် မသန်စွမ်းသူများ တက်ရောက်သင်ကြားနိုင်ရေး ဆက်စပ်ဌာနများနှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခင်နှစ်များတွင် CERPအရ ချင်းပြည်နယ်အတွင်း တစ်ဦးလျှင် ကျပ်( ၃၀၀၀၀/−)ဖြင့် မသန်စွမ်းသူဦးရေ (၆၁၃၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း ၊ မသန်စွမ်းသူ များအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ယခုနှစ်ဆောင်ပုဒ်အရ ပြည်နယ် အတွင်းရှိ မသန်စွမ်းသူများ အတွက် “အားလုံးလက်လှမ်းမိ ညီမျှရေး ဆောင်ရွက်ပေးကြစို့”ဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများအား မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ UN Message နှင့် Video Clip များ ဖွင့်လှစ်ပြသပေးသည်။

ယင်းနောက် မသန်စွမ်းသူများအား အမှတ်တရလက်ဆောင် ပေးအပ်ရာ ပြည်နယ် လူမှုရေးရာ ဝန်ကြီးနှင့် တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ( ကိုယ်စား ) ၊ လက်ထေက်ညွှန်ကြား ရေးမှူးဦးနေဝါထွန်းက ကျေးဇူးတင်စကား ပြောကြားပြီး လူမှုရေးရာဝန်ကြီးနှင့်အတူ တက်ရောက်လာကြ သည့်သူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန် / ဆက် )