မြောင်မြို့ ပြန်/ဆက် ရုံးဌာနတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး Talk Show ဆောင်ရွက်

မြောင်     ဒီဇင်ဘာ   ၅

မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို မြောင်မြို့ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နံနက်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဒုတိယ ဦးစီးမှူး ဒေါ်ခင်မီမီကျော်က Talk Show ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ် သိင်္ဂီဝင်းက ယာဉ်များအသုံးပြု သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန်များကို ရှင်းလင်းပြောကြားရာတွင် ပြည်သူများအနေဖြင့်ပေါ့ အဓိကအားဖြင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းပါ နောက်ပြီး မေးသိုင်းကြိုးကို သေခြာစွာတပ်ဆင်ပြီးမှစီးပါ၊ နောက်ပြီး နှစ်ယောက်ထက်ပိုပြီး တင်ဆောင်ပြီး မစီးရပါဘူး၊ ကားများမောင်းနှင်ရာတွင်လည်း သတ်မှတ်ထားသိ စံနှုန်းအတိုင်း မောင်းနှင်ဖို့လိုပါတယ်၊ သတ်မှတ်ထားသိအတိုင်း လိုက်နာမှုမရှိပါက မလိုလားအပ်သည့် အန္တရာယ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် မိမိတို့ဌာန အနေဖြင့် ပြည်သူများယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်းနိုင်မှုနှင့် ပပျောက်ရေးတို့အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိ ပညာပေး ဟောပြောပွဲများ/ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း ဦးဆောင်ဆွေးနွေး ခဲ့သည်။

မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် စာအုပ်စာစောင်ပြပွဲများ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိ ရသည်။

မြို့နယ် (ပြန်/ဆက်)