ဖျာပုံ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများ အား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ က Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ဖျာပုံမြို့ ဖျာပုံတံတားကြီးအောက်နှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသီဟန်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ကကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်မှုများကို မြို့ပေါ်လူစည်ကားရာ နေရာများဖြစ်သော ဖျာပုံမြို့
ဖျာပုံတံတားကြီးအောက်နှင့် လူစည်ကားရာနေရာများတွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား၊ Mask Campain ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)