ပဲခူးမြို့တွင် ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူး ဒီဇင်ဘာ

၂ဝ၂၂ ခုနှစ်၊ ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉:၃၀ က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်၊ အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV/ AIDS ရောဂါနှင့်ပတ်သက်၍ ဆေးကုသမှုလုပ်ငန်းများကို ပိုမိုလက်လှမ်းမီရရှိစေရန်၊ ကုန်ကျစရိတ် သက်သာစေရန်နှင့် ထိရောက်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိစေရန်အတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူတစ်ရပ်လုံးက နိုးကြွားတက်ကြွတဲ့ စိတ်ဓါတ်များနဲ့ All inclusive ပူးပေါင်းပါဝင်ပြီး ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်၊  အစိုးရအဖွဲ့တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် HIV/ AIDS ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းတင် ဗီဒီယိုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်း၌ ပြသထားသည့် အသိပညာပေးပိုစတာများနှင့် မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)