သံတောင်ကြီးမြို့နယ် မစအထက်ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

သံတောင်ကြီး   ဒီဇင်ဘာ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့်ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက မြစိမ်းရောင်ရန်ပုံ‌ငွေထုတ်ချေးခြင်းကို မစအထက်ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြစိမ်းရောင်ရန်ပုံ‌ငွေထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းက  မြစိမ်း ရောင်စီမံကိန်းကော်မတီဝင်များ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ   ဆက်လက်အောင်မြင် အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း ချေးငွေဖြင့်လုပ်ငန်းများ အမှန်တကယ်အကောင် အ ထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများပြန်လည် ပေးဆပ်ကြရန်ပြောကြားခဲ့ပြီး မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့် မစအထက်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား(၃၂)ဦးအတွက် ငွေကျပ်(၂၂၁) သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား (၆)ဦးအတွက် ငွေကျပ် (၃၉)သိန်း၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား  (၉)ဦးအတွက်  ငွေကျပ်(၉၀) သိန်းစုစုပေါင်း ငွေကျပ်(၃၅၀)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

နော်နော်မူ