မင်းတုန်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်စွာကောက်ယူနိုင်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်

မင်းတုန်း ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်စွာကောက်ယူနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ရာ မြေပြင်လူဦးရေစာရင်းကောက်ယူမည့် ဌာနဆိုင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်း ရည်ရွယ်ချက်၊ တွေ့ကြုံလာနိုင်သည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ ဆွေးနွေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးက မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမည့်လုပ်ငန်းစဉ်များ၊ မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/)ရှိ စာရင်းအား မြေပြင်စာရင်းကောက်ယူရေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာရင်းကောက်ယူရေးသွင်းရာတွင် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်သွင်းခြင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)