သံတောင်ကြီးဒေသတွင် ကော်ဖီသီးများရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

သံတောင်ကြီး   ဒီဇင်ဘာ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံ ပြည်သူ များမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့်ကော်ဖီသီးများရင့်မှည်ပြီဖြစ်၍ စတင်ဆွတ် ခူးလျက်ရှိကြောင်းသိရသည်။

သံတောင်ကြီးဒေတွင် ကော်ဖီသီးနှံများအား သဘာဝမြေဩဇာများကိုသာ အသုံးပြုခြင်းဖြစ်ပြီး သံတောင်ကြီးဒေသ စိုက်ပျိုးသောကော်ဖီအမျိုးအစားမှာ အာရေဗီကာကော်ဖီ(ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘက်စတာကော်ဖီ(အပင်မြင့်ကော်ဖီ)ပင်များကိုအများအားဖြင့် စိုက်ပျိုးကြသည်။

ယခင်က သံတောင်ကြီးမြို့နယ်တွင် နည်းပညာအားနည်းခြင်းကြောင့် ကော်ဖီများအရည် အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီ စိုက်ပျိုးနည်းပညာများကို လက်တွေ့ကွင်းဆင်းသရုပ်ပြပေးသည့်အတွက် ကော်ဖီစိုက်တောင် သူများ အနေဖြင့် အရည်အသွေးကောင်းမွန်သော ကော်ဖီများကို စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခင်နှစ်ကော်ဖီစေ့ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)မှ ကျပ်(၆၀၀၀)အထိသာ ရရှိသော်လည်း ယခုနှစ်တွင် ကော်ဖီစေ့တစ်ပိဿာလျှင် ကျပ်(၆၅၀၀)မှ ကျပ်(၇၀၀၀)အထိ ရရှိကြောင်းသိရသည်။      

နော်နော်မူ(ပြန်/ဆက်)