စလင်း ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် မြို့နယ်စည်ပင်သာယာအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ချောင်း၊ ဆင်ဖြူကျွန်းမြို့စျေးအနီးပတ်ဝန်းကျင်နှင့် ဆင်ဖြူကျွန်းမြို့ အမှတ်(၂)ရပ်ကွက် ပန်းထိမ်လမ်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်လှပစေရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဆင်ဖြူကျွန်းမြို့ နွယ်တမယ် ချောင်းအတွင်းနှင့် စျေးအနီးစွန့်ပစ်အမှိုက် ပလပ်စတစ်အမှိုက်များ၊ သစ်ကိုင်းများ၊ နေအိမ်များမှ နေ့စဉ်အသုံးပြုသည့် မီးဖိုချောင်သုံး စွန့်ပစ်အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်နှင့်စည်ပင် သာယာအဖွဲ့ကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပူးပေါင်း၍ အဖွဲ့ပိုင်စက်ယန္တယားကြီးများကို အသုံးပြု၍ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဆင်ဖြူကျွန်းမြို့ အမှတ်(၂)ရပ်ကွက် ပန်းထိမ်လမ်းအတွင်းရှိ ရေနှုတ်မြောင်း ရေဆိုးထုတ်မြောင်း များ အတွင်းမှ သဲ၊ နှုန်း၊ သစ်ကိုင်းသစ်ခက်များနှင့် အမှိုက်သရိုက်များအား ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်ကြီးကြပ်၍ မြို့နယ်သန့်ရှင်းသပ်ရပ်လှပစေရန် ဆောင်ရွက်ခဲ့ကြသည်၊။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေများဖြင့် မြေသားလမ်းများမှ ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများသွားလာမှုအဆင်ပြေချောမွေ့စေရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်လှပစေရန် ပြည်သူများအကျိုးပြုလုပ်ငန်းများအား တာဝန်ရှိမြို့မိမြို့ဖ၊ တာဝန်ရှိဌာနဆိုင်ရာများနှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)