ပေါင်းတည် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် လူစည်ကားရာအရပ်ဖြစ်သော ဘူတာရုံ၌ ယနေ့ နံနက်ပိုင်းက မြန်မာ့မီးရထား ဘူတာရုံဝန်ထမ်းများက ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စည်းကမ်းချက်များကို ခရီးသွားပြည်သူများ တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် Mask များ စနစ်တကျတပ်ဆင်သွားလာရန် အသိပညာပေး၍ Mask များကို အခမဲ့ဝေငှခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်မှုတွင် ပေါင်းတည်ဘူတာမှ ရုံပိုင်ကြီး ဦးဇော်ဌေးနှင့် မြန်မာ့မီးရထား ဘူတာဝန်ထမ်းများက စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ပေါင်းတည်မှရန်ကုန်သို့ အစုန်စာပို့ရထားဖြင့် လိုက်ပါစီးနင်းမည့် ခရီးသွားပြည်သူများနှင့်ခရီးသည် ကြိုပို့ယာဉ်မောင်းနှင်သူ များအား ပါးစပ်နှာခေါင်းစည်းများလိုက်လံ ဝေငှခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက် )