ယင်းမာပင်မြို့၌ ၇၅ နှစ်​မြောက်လွတ်လပ်​ရေး​နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင် ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၌ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ကြီးကြပ်​ဆောင်ရွက်မှုဖြင့် ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ​ကြောင်း သိရသည်။ 

"စိန်ရတုလွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၃ ရက်​နေ့မှစတင်ပြီး အမျိုးသမီး ​ဘောလီ​ဘောပြိုင်ပွဲ ကျင်းပ​ပေး​ပြီး ဖြစ်ပါတယ်။ ဒီ​နေ့မှာ​တော့ အမျိုးသား​ဘော်လီ​ဘောပြိုင်ပွဲများ ဆက်လက်ယှဥ်ပြိုင် ကစား​နေကြပါတယ်။ မီနီမာရသွန်ပြိုင်ပွဲ၊ ပိုက်​ကျော်ခြင်းပြိုင်ပွဲ၊ ​အပြေးပြိုင်ပွဲများ၊ အိတ်စွပ်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနဲ့ အခြားအားကစားပြိုင်ပွဲများကိုလည်း သတ်မှတ်ရက်အတိုင်း ဆက်လက် ကျင်းပ​ပေးသွားမှာဖြစ်ပါတယ်" ဟု မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းသန့်က​ပြောသည်။

အဆိုပါအားကစား ပြိုင်ပွဲများတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့​ပေါ်ရပ်ကွက်များမှ ပြည်သူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများအား လွတ်လပ်​ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်​ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်