စလင်း ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဆင်ဖြူကျွန်းမြို့မီးသတ်ဦးစီးမှူး ဦးကြည်လင်နှင့် တပ်ဖွဲ့ဝင်များက အသိပညာပေးဟောပြောခြင်း လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့စည်ပင်သာယာစျေးအတွင်း ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းများကို ဆင်ဖြူကျွန်းမြို့ မီးသတ်ဦးစီးမှူး ဦးကြည်လင်းက မီးသတ်ဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများအကြောင်း မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရန်ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက. အဆင်သင့်မီးငြိမ်းသတ်နိုင်ရန်အတွက် မည်သည့်နေရာတွင်မဆို ကနဦး မီးငြိမ်းသတ်စေနိုင်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်မှုများ ၊မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများနှင့် မီးလောင်ကျွမ်းမှုဆိုင်ရာများ ဖြစ်သည့် လောင်စာဆီမီး၊ သဘာဝမီးဘေးအန္တရာယ်များ မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့်ငြိမ်းသတ်ရခြင်း အခြေအနေများကို စျေးသူစျေးသားများအား လက်တွေ့ သရုပ်ပြသခဲ့သည်။ ထို့နောက် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများကို ဆင်ဖြူကျွန်း မြို့စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ လက်တွေ့သရုပ်ပြသခဲ့ကြောင်းကို ဆင်ဖြူကျွန်း မြို့စည်ပင်သာယာရေးကော်မတီ ဦးကျော်မြင့်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်၊စလင်းမြို့