မြန်အောင် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (ပထမပတ်) လူထုလမ်းလျှောက်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၅)နာရီအချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပရဟိတမြို့ ရွှေကျောင်းလူငယ်ဘင်ခရာအဖွဲ့ ဦးဆောင်၍ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုအင်အား(၃၀၀) ခန့်တို့က ပရိက္ခရာလမ်း၊ ညစျေးလမ်း၊ ရုံပွဲလမ်း၊ ကြာနီကန်လမ်းမကြီးလမ်းတစ်လျှောက်မှ မြို့ရှောင်လမ်းထိပ်သို့ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ အကြောလျှော့လေ့ကျင့်ခန်းနှင့် Fitness Dance လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)