ကြံခင်းမြို့တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကြံခင်း   ဒီဇင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅)နာရီအချိန်က ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်သတ်မှတ်ဆင်နွှဲကျင်းပခဲ့သည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုအင်အား(၃၀၀)ခန့်တို့က ဘုရားကြီးလမ်း၊ လမ်းမတော်လမ်း၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်မှ မြို့နယ်ပြည်သူ့အားကစားကွင်းသို့ ပျော်ရွှင်စွာ လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြောင်းနှင့်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်မိုးဝါဦးဆောင်ပြီး အကြောလျှော့ လေ့ကျင့်ခန်းနှင့် Fitness  Dance လေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။

၂၀၂၂ခုနှစ် (ဒီဇင်ဘာလ) လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)