ကဝ ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင် စေရန်ရည်ရွယ်၍ ဒီဇင်ဘာလ ပထမပတ် လူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် (၅:၃၀)နာရီ အချိန်၌ ပြုလုပ်သည်။
စုပေါင်းလူထုလမ်းလျှောက်ပွဲ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုဝေးပြီး ပဲခူး-ကဝလမ်းမကြီးအတိုင်း စုပေါင်း လမ်းလျှောက်ကြပြီး ပဲခူး-ကဝ လမ်းမကြီး မြို့ရှောင်လမ်းဆုံ၌ ကိုယ်လက်လှုပ်ရှား လေကျင့်ခန်းများ ပြုလုပ်ကြသည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်များအတွင်းမှ ဒေသခံပြည်သူ စုစုပေါင်းအင်အား (၂၀၀) ဦးကျော်ခန့်က ပျော်ရွှင်တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက် ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)