မြို့သစ်တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှေက်ပွဲ စည်ကားစွာကျင်းပ

မြို့သစ် ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြိုတွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှေက်ပွဲကြီးကို ယမန်နေ့ နံနက်(၆)နာရီက စည်ကားစွာ ကျင်းပခဲ့သည်။

အဆိုပါ လမ်းလျှေက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပညာရေးဌာနဝန်ထမ်းများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ကာ သက်မှတ် စုရပ်နေရာမှ မြို့သစ် တောင်တွင်းကြီးကားလမ်း အတိုင်းပုလင်းကျေးရွာဘက်သို့ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)