အုတ်ဖို ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ဒီဇင်ဘာလ လူထုအားကစားပွဲအဖြစ် လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၄ နာရီအချိန်က ကျင်းပခဲ့သည်။
လမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စျေးသူစျေးသားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
အောင်သူ