ဒေးဒရဲမြို့၌ လူထုလမ်းလျှောက်ပွဲနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

ဒေးဒရဲ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ အားကစားနှင့် ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့က စတင်၍ မြို့တွင်းလမ်းမများတစ်လျှောက်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်ခဲ့သည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဒီဇင်ဘာလ ပထမပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြပြီး လမ်းလျှောက်ပွဲအပြီးတွင် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း