ကျိုက်လတ်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်

ကျိုက်လတ်  ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်း ပြုလုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ယနေ့နံနက်(၅)နာရီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို ပထမအပတ်အနေဖြင့် ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၀၀) ဦးခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ထွက်၍ (၉)ဖြတ်လမ်းအတိုင်း၊ ထို့နောက် ဦးပြုံးချိုလမ်းမကြီး တစ်လျှောက်မှ (၁၀)ဖြတ်လမ်းရှိ မြို့နယ်ပြည်သူ့ အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အားကစားကွင်းအတွင်း စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ ဆက်)