ပေါက်ခေါင်းမြို့တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်

ပေါက်ခေါင်း    ဒီဇင်ဘာ   ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပြည်သူများမှ စုရပ်ဖြစ်သောမြို့နယ်အားကစားခန်းမရှေ့မှ  ပြည်-တောင်ငူလမ်း၊ အမှတ်(၃)လမ်းနှင့်မြို့တွင်းလမ်းများအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး မြို့နယ်အားကစားခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)