ချောက် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဆောင်းရာသီ၌ပြည်သူလူထုကျန်းမာကြံ့ခိုင်ရေးအတွက် လူထုများပါဝင်သည့်နံနက်စောစောထ လမ်းလျှောက်ခြင်းဖြစ်သည့်လူထုအားကစားလှုပ်ရှားမှုကို ယနေ့နံနက် ၆ နာရီအချိန် ကမြို့နယ်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဌေးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးအေးမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ စုပေါင်းအင်အား ၃၆၈ ဦးက မြို့နယ်အားကစားကွင်းအားပတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ ၁ ၊ အတွဲ ၂ ဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
(မြို့နယ်ပြန်/ဆက်)