ဘုတ်ပြင်း ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံမူလတန်း အဆင့်(Grade-5)သင်ရိုးသစ်၊ စာမေးပွဲမေးခွန်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလင်းပွဲတွင် ဘုတ်ပြင်းမြို့နယ်ပညာရေးမှူး ဦးအောင်စိုးက အမျိုးသားပညာရည်စစ်ဆေး တိုင်းတာခြင်းကို စစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍ(၄)ရပ်ဖြစ်သော အတန်းတွင်းစစ်ဆေးခြင်း၊ ကျောင်းအခြေပြုစစ် ဆေးအကဲဖြတ်ခြင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းနှင့် နမူနာအခြေပြုသင်ယူမှုစစ်ဆေးအကဲဖြတ်ခြင်းဟူ၍ ခွဲခြားသတ်မှတ်ထားသည့်အတွက် အတန်းကူးပြောင်းမှု ရရှိဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းလုပ်ထုံး လုပ်နည်းများအတိုင်းသာဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာ၊ ဆရာမများအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံမူလတန်း(Grade-5)အတွက် သင်ယူမှုရလဒ်ပြဇယား၊ နမူနာမေးခွန်းအတွက် အသေးစိတ်အညွှန်းဇယား၊ စာမေးပွဲနမူနာမေးခွန်၊ အမှတ်ပေးစည်းမျဉ်းများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများမှ (Grade-5)သင်ကြားနေသည့် ဆရာ၊ဆရာမ(၉၀)ဦးတက်ရောက်ကြပြီး နည်းပြ(၅)မှ ဒီဇင်ဘာလ (၃)ရက်နေ့မှ(၄)ရက်နေ့ထိ (၂)ရက်တာ ရှင်းလင်းဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)