မြို့သစ် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အခြေခံမဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းခြင်းကို ယမန်နေ့နေ့လယ်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းတို့က မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးရာ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များပြုလုပ်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့် အခြေခံမဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီအောင်မြင်စွာပြီးစီးနိုင်ရေး စုပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)