ကျောင်းကုန်း ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅း၁၅ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုလမ်းလျောက်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ကာ ကမ်းနားလမ်း၊ ဆေးရုံလမ်း၊ ကျုံပျော်လမ်း၊ ဌာနလမ်းမှတဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့သို့တပျော်တပါးလမ်းလျှောက်ကာ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်း(၁)၊အတွဲ(၂)ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)