မင်းဘူး ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ဘိုးဘွားရိပ်သာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။
ဦးစွာအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ မင်းဘူးခရိုင်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ဖတ်ကြားရှင်းလင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဘိုးဘွားရိပ်သာ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မင်းဘူးမြို့ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းမှ ဘိုးဘွားရိပ်သာဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်တာဝန်ခံဒေါ်မြင့်မြင့်သန်းမှ ဘိုးဘွာရိပ်တည်ထောင်ခြင်း၊ ကော်မတီဖွဲ့စည်ခြင်း၊ ဘိုးဘွားများအား ပြုစုဆောင့်လျောက်ခြင်းနှင့် သတ်မှတ်ခွင့်ပြုချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများ အပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ရှိ ဘိုးဘွားရိပ်သာလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အလှူငွေကျပ် သိန်း ၁၀၀ ၊ ဒေါက်တာသန်းထိုက်ရှိန် နဂါနီဆေးရုံမိသားစုမှ အလှူငွေကျပ် သိန်း ၁၃၀ နှင့် ရွှေရောင်မြေ ကုန်မျိုးစုံ ရောင်းဝယ်ရေးမိသားစုမှ အလှူငွေကျပ် သိန်း ၁၀၀ တို့ဖြင့် အသီးသီးမတည်ထည့်ဝင်၍ လှူဒါန်းပေး ထားကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များနှင့် လူမှုကူညီရေးအသင်း အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
မောင်မောင်(မင်းဘူး)