ရွှေတောင် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များက ရွှေတောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သရက်တော(အထကခွဲ)၊ သာစည်(အမကမူလွန်)၊ လက်ပံပု(အမကမူလွန်)၊ ဖုန်းဆိုး(အမကမူလွန်)၊ ထန်းလုံးချောင်း(အမက)ကျောင်းများ၏ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် သရက်သုံးပင်ကျေးရွာအုပ်စု သရက်သုံးပင် - လက်ပံပုကျေးရွာခြင်းဆက်လမ်းပေါ်ရှိ အင်းပျော့အင်းတံတားအောက်ပိုင်းရေတိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်အဖွဲ့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများလိုက်ပါကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က လိုအပ်သည်များ ကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)