မုံရွာ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်း အဝေး(၄/၂၀၂၂)နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း မြေဧရိယာ ကျယ်ဝန်းသည့်အတွက် နှစ်ရှည်ပင်များစိုက်ပျိုးနိုင်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များပေါကြွယ်ဝတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အမှန်တကယ် နှစ်ရှည်ပင်စိုက်ပျိုးလိုသည့် လုပ်ငန်းများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များမှ တာဝန်ရှိသူများက စနစ်တကျကွင်းဆင်းစီစစ်၍ ဆောင်ရွက်သွားကြရန်လိုအပ် ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုပြီး စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓါတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်းများအား အစိုးရမှခွင့်ပြုထားသည့် နည်းဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း ပူးပေါင်းကာ နိုင်ငံ့အကျိုးကိုရှေးရှုဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းလွင်က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံး ပြုခွင့် လျှောက်ထားခြင်းများနှင့် ပတ်သက်၍ ရှင်းတင်းတင်ပြပြီး အစည်းအဝေးသို့ တက် ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။