ပုလောမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ပုလော   ဒီဇင်ဘာ    ၂

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စကားဝိုင်းတွင်  ပုလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ် ဆရာကြီးဦးပြည်ဟိန်းကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်အေးအေးမော်က ကျောင်းသားလူငယ်များအနေဖြင့် အသိပညာတွေ တိုးတက်စေရန် ပရိသတ်ရှေ့မှာ ပြောရဲဆိုရဲတဲ့ သတ္တိရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာ ဖလှယ်တတ်စေရန် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်  ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးမော်က ဦးဆောင်၍ Grade -11 မှ မောင်းကောင်းဆက်မင်း၊ မသူဇာဆင့်တို့က လူငယ်နှင့်စာပေ၊ Grade -11မှ ကျောင်းသား မောင်ကောင်းသန့်ဇော်၊ မရည်ရွယ်ဦးတို့က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)