ကသာ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုဖြစ် ရည်ရွယ်၍ အမျိုးသားအလွတ်တန်းဘော်လီဘော ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီတာ(၂၀၀)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အမျိုးသားအလွတ်တန်းဘော်လီဘော ဗိုလ်လုပွဲကို မြို့မ(က) အားကစား အသင်းနှင့် လီဆူးအားကစားအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ လီဆူးအသင်း က အနိုင်ရရှိခဲ့သည်။
အဆိုပါ အမျိုးသားအလွတ်တန်းဘော်လီဘော အားကစားပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များမှ ဘော်လီဘောအသင်း(၅)သင်းပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲတွင် လီဆူးဘော်လီဘော အားကစားအသင်းက အနိုင်ရရှိခဲ့သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထက်ဝင်းမှ ငွေသားဆုနှင့် ဒိုင်းဆုတို့ကိုလည်းကောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်က ဒုတိယရရှိသော မြို့မ (က) ဘောလီဘောအားကစားအသင်းကို ငွေသားဆုနှင့် ဒိုင်းဆုတို့ကိုလည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လည်ဆွဲဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆန်းစတား(က)အားကစားအသင်းမှ ကျောနံပါတ်(၅) မောင်ကျော်စွာအား အားကစားပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ချီးမြှင့်ပေးခဲ့ကြောင်းကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။
ကျော်စွာ(ကသာ)