ကဝ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲတီစိမ်းစိုက် တောင်သူများနှင့် တွေဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအတွက် (၁)ဧကလျှင် (၁၂၀၀၀၀)ကျပ်နှုန်းဖြင့် လိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သည့် မြေသြဇာနှင့် ပိုးသတ်ဆေးရရှိရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစု တန်ဖိုးနှင့်ညီမျှသော ပဲတီစိမ်းများအား တောင်သူများက ပြန်လည်ရောင်းချပေးဆပ်ခြင်း အပါအဝင် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီး ဦးရဲကိုကိုက ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည် များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးရာညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် စာရေးများ၊ ပဲတီစိမ်းစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)