ညောင်လေးပင်မြို့နယ် လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အားကစားပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

ညောင်လေးပင် ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အသင်းတို့ပူးပေါင်း၍ အားကစားပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်၊ လုငယ်နှင့်စာရိတ္တခေါင်းစဉ်များအား ဟောပြောခဲ့ပြီး အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မွန်းမှ လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည်အခြားလူတစ်ဦးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စ တစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊  ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည်တို့ကို ဆိုလိုကြောင်း ပြောကြားသွားခဲ့သည်။

ထို့နောက် အားကစားပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ပြီး ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)