ရွှေဘို ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးအကြို အားကစားပြိုင် ပွဲများကို ယနေ့ နံနက် ၉ နာရီက ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
စိန်ရတုလွတ်လပ်ရေးအကြိုပြိုင်ပွဲများအဖြစ် စာစီစာကုံးပြိုင်ပွဲ ပန်းချီပြိုင်ပွဲ ကဗျာပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို နေ့ရက်အလိုက်ကျင်းပသွားမည်ဖြစ်ပြီး၊ ရွှေဘိုမြို့နယ်အတွင်း ရှိအခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ မြို့နယ်ပညာ ရေးမှူးနှင့် အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများမှကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်