ရေဦး ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းဦးဆောင်မှုနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် ယမန်နေ့နေ့လည် ၂ နာရီက အောင်ချမ်းသာရပ်ကွက်ဓမ္မာရုံတွင် မြို့နယ်ဖွံဖြိုး တိုးတက်စေရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေး နွေးခဲ့ကြသည်။
ထိုသို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးဟန်၀င်းလှိုင်၊ ရေဦးမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ရပ်ရွာအေးချမ်း သာယာရေး ဒေသဖွံဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ စည်ပင်၊ အခွန်၊ လူ၀င်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ စီမံကိန်း၊ ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာနတို့မှလည်း ဌာနလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို အသိပေးရှင်း လင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှုးက ရပ်ကွက်တွင်း စပါးခွံအမှိုက်များ စည်းကမ်းမဲ့စွန့်ပစ် နေမှုကို သက်ဆိုင်ရာဌာနမှကူညီဖြေရှင်းပါရန်နှင့် ဒေသခံပြည်သူတစ်ဦးက ကိုဗစ် - ၁၉ ကာကွယ်ဆေး အကြိမ် ပြည့်နှင့်ထပ်ဆောင်း အပိုထိုးနှံပေးနေမှု အခြေအနေနှင့် ပတ်သက်၍ သိရှိလိုကြောင်း တင်ပြခဲ့ရာသက်ဆိုင်ရာဌာန တာ၀န်ရှိသူများမှ မေးမြန်းချက်များ ကို အသေးစိတ် ပြန်လည်ဖြေကြား ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ် သူ ရပ်ကွက်သူ ရပ်ကွက်သား ၇ ဦးအားနိုင်ငံသားစိစစ်ရေးကတ် နေ့ချင်းပြီးရရှိရေး ဆောင်ရွက် ပေးကာ လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
သန်းထိုက် (ရေဦး)