ဘားအံ ဒီဇင်ဘာ ၂
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပတ်လမ်း တက္ကသိုလ်ဓမ္မာရုံမှ သိမ်တော်ကြီးကွေ့အထိ အရှည် ၁၉၀၀ ပေ၊ အကျယ် ၃ ပေ၊ အနက် ၄ ပေရှိ အုတ်စီရေမြောင်း ပလက်ဖောင်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အထက(၄) လမ်းဆုံမှ တက္ကသိုလ်ဓမ္မာရုံထိ ဘားအံမြို့ ပတ်လမ်းပေ ၆၅၀၀ ကျော်အား တစ်ဖက်လေးပေစီတိုးချဲ့ခြင်းနှင့် ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်း၊ အရှည် ၁၃၄၇ ပေ၊ အကျယ် ၃ ပေ၊ အနက် ၄ ပေရှိ မန်းနဲစန်လမ်း အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊မာန်းနဲစန်လမ်းနှင့် ကျော်ဇေယျလမ်း တြိဂံလမ်းဆုံတွင် ဖားစည်ကျွဲချိုပြုလုပ်ခြင်းလုပ် ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)