ငပုတော ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာဆောင်တွင် ယနေ့ နံနက် (၁၀)နာရီ အချိန်က မွေးခင်းစမှ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင်မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ငပုတော မြို့ပေါ်ရပ်ကွက်(၄)အတွင်းရှိ မွေးခင်းစမှ အသက် (၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံစို့၊ သက်ညှာ၊ မေးခိုင်၊ အသည်းရောင်(အသားဝါ)(ဘီ)ပိုး ၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ် ကာကွယ်ဆေးပိုလီရော အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပြင်းထန်းဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်စေတက်သော (Rota)ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ် ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အောင်သူ(ငပုတော)