အမာ ဒီဇင်ဘာလ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမာမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးလက် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ခံဆရာမ ဒေါ်ခင်ချောစုထွေးက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေး ပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ကလေးငယ်(၃၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၁၆)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)