ထားဝယ် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသသကြီး၊ ထားဝယ်မြို့နယ်ပညာရေးမှူးရုံးမှ ဦးဆောင်၍၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် ပညာရေးမှူး ဒေါ်ခင်မေသိန်းက ကျောင်းတွင်း စီမံခန့်ခွဲမှု အရည်အသွေး တိုးတက်မြင့်မားရေး၊ ပညာရည်မြင့်မားရေးနှင့် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကျောင်းအုပ်ဆရာ/မကြီးများ၏ စီမံခန့်ခွဲမှုက အဓိကကျကြောင်း၊ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ အုပ်ချုပ်မှုအပိုင်းနှင့် ရုံးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာ/မကြီးများ၊ ဆရာ/မများတို့က အရည်အသွေးမြင့်မားရေး ဘာသာရပ်များဖြစ်သည့် စီမံရေးရာ၊ ဘဏ္ဍာရေးနှင့် ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများ စသည့်ဘာသာရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)