လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတ တိုးပွားလာစေရန်အတွက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

လှိုင်းဘွဲ ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ စာပေကို အလွယ်တကူလေ့လာ ဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ စကားပုံ စာအုပ်များ၊ ဂျာနယ်များ စသည့်ကလေးများ အသိပညာ၊ ဗဟုသုတရရှိစေမည့်  စာအုပ်စာစောင်များကို ခင်းကျင်းပြသကာ ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး  Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)